Saturday, March 24, 2012

....နောက်တခါ မလာပါနဲ.တော့.......


တကယ်သေချာလား ငါ.ကို ချစ်ခဲ.တာ
ဂုဏ်ယူပါတယ် မင်းအချစ်တို.အတွက်

တကယ်ရေရာလား ငါ.ကိုလွမ်းတာ 
ဂုဏ်ယူပါတယ် မင်းအလွမ်းတို.အတွက်

သေချာတယ်လို. ယုံမှတ်ခဲ.လို.
ငါ.ပါးပေါ် မျက်ရည်တွေများစွာ စီးဆင်းခဲ.ဖူးတာပေါ.

ရေရာတယ်လို. အထင်မှားခဲ.လို.
မင်း မာယာတွေမှာ မူးယစ်ခဲ.ဖူးတာပေါ.

သိပ်သည်းစွာ နစ်နဲစွာ ဆို.နင်. ကြေကွဲခြင်းတွေ
ထည်.သွင်းထားခဲ.သော
ကြည်နူးခြင်းတွေ မေတ္တာတွေ 
အပေါ်ယံမှာ ဖုံးအုပ်ထားခဲ.သော
မင်းရဲ. လက်ဆောင်ကို ခုတော. ကြောက်လှပြီမို.
မင်းအချစ်တို.အတွက်
ကျေးဇူးတင်လှသော်လည်း...
မင်းအလွမ်းတို.အတွက်
ကျေးဇူးတင်လှသော်လည်း....
……….
မျက်ရည်တွေ ကျဖို.ရာ ခံနိုင်ရည်မရှိတော.တဲ.
ငါ.မျက်ဝန်းတို.ကို သနားလှသည်မို.
နာကျင်မှုဒဏ်ကို ခံစားဖို.ရာ အင်အားမရှိတဲ.
ပဲ.ကြွေလုလု ငါ.အသည်းနှလုံးကို
သနားလှသည်မို.
………
သိမ်းထားလိုက်ပါတော.
မင်းရဲ. အချစ်ဟု ဆိုသော အဆိပ်တို.ကို
ပြန်ယူသွားပါတော.
မင်းရဲ. အလွမ်းဟု ခေါ်သော ဥပေက္ခာတွေကို
ငြင်းဆန်ခွင်.ပြုပါတော.ကွယ်……………………..

1 comment:

  1. အားပေးသွားတယ်နော်။

    ReplyDelete