Friday, June 26, 2015

ထာဝရသစ်ပင်

ထိုသစ်ပင်


ထိုသူက စားပြီး အသီးစေ့မျှသာ ချခဲ့တယ်

ငါက ကောက်ယူ စိုက်ပျိုး မြေသြဇာ ကြဲခဲ့တယ်



ထိုသစ်ပင်

ထိုသူက သောက်လက်စ ရေတို့ သွန်ခဲ့တယ်

ငါက နေ့စဉ် အရိပ်ကြည့် ပျိုးထောင်ခဲ့တယ်


ထိုသစ်ပင်

ထိုသူက အရိပ်ခိုခဲ့တယ်

ငါက ထိုအရိပ်အောက် ခိုရင်း သစ်ရွက်ကြွေတို့ ကောက်ခဲ့တယ်





ချစ်သူ 

မင်းပျိုးခဲ့တဲ့ အပင်

မင်း ဂရုမစိုက်တောင် ငါ ပြုစုပါ့မယ်

မင်းစခဲ့တဲ့ သံယောဇဉ်

မင်း မထိန်းသိမ်းတောင် ငါက စောင့်ရှောက်မယ်

မင်းလက်နဲ့ ခုတ်လှဲချင်တောင် မလဲနိုင်တော့တဲ့

ငါ့အချစ်တို့နဲ့ ခိုင်မာနေတဲ့ သစ်ပင် 

ငါကိုယ်တိုင် ပိုင်ဆိုင်တယ် ......

No comments:

Post a Comment