Thursday, June 18, 2015

Just Crush On You

ငါ့ကိုလှမ်းခေါ်ပါ
မမျှော်လင့်ပဲ လမ်းမှာဆုံခဲ့ရင်
တခါမှ မပြုံးဖူးတဲ့ အပြုံးတွေနဲ့ 
ငါပြန်ပြုံးပြပါ့မယ်

ဒိုင်ယာရီစာရွက်လေး တရွက် ဖြစ်ခွင့်ရခဲ့မယ် ဆိုရင်တောင်
ကျေးဇူးတင်တယ်လို့ ပြောမိမယ်ထင်ပါရဲ့

ရည်ရွယ်ချက်မပါ မျှော်လင့်ချက်မရှိ
ရစ်မူးခဲ့ဖူးတဲ့ အတိတ်ဟာ 
အခုတော့ ပြက္ခဒိန်စာမျက်နှာတခုသာမို့ 
ငါ့အမုန်းတို့ ပြန်တွေ့ရမှာ မစိုးရိမ်ပါနှင့်

ပထမဆုံးနားထောင်ရတဲ့ ပုံပြင်တပုဒ်လို စွဲလန်းရုံသက်သက်
မင်းဟာ ငါ့ရဲ ကြားဖူးနားဝ သာသာပါ

တခါတရံ သတိရတဲ့အခါ 
မင်းသတင်းကို ရှာဖွေမိရုံ
ငါမရှိတဲ့ ဘ၀မှာ အဆင်ပြေစေချင်မိရုံနဲ့
တခါလောက်တော့ 
မျက်နှာချင်းဆိုင် နှုတ်ဆက်ပြုံးပြချင်ရုံ ထက် မပိုခဲ့ပါကွယ်....

No comments:

Post a Comment