Tuesday, January 24, 2012

************သံယောဇဉ်သို့ *************

ဟိုးအတိတ်က
အလွမ်းလက်ကျန်တို.ကို
ရိတ်သိမ်းရင်း
ငါ.ရင်ခွင်ဟာ
ဗလာ နတ္ထိ ဖြစ်လာတဲ.အခါ
နွေးထွေးသော နေရောင်တို.နှင်.
သံယောဇဉ် ပျိုးပင်တို.က နေရာယူလာကြတယ်….

သံယောဇဉ်ရေ
နင်.အတွက် ငါရင်ခွင်တခုလုံး
ပေးထားတာတောင် မလုံလောက်လို့ လား…..

နင်တယောက်တည်းအတွက်
မြန်ဆန်နေတဲ.
ငါ.ရင်ခုန်သံတွေကို
နင်မကြားနိုင်လို.လား……

ငါ.ရဲ. ဖြတ်တောက်မရတဲ.
သံယောဇဉ်နှောင်ကြိုးတွေက
နင်.အတွက် အနှောင်အဖွဲ. ဖြစ်စေလို.လား…..

ငါဟာ
တချို.တချို.တွေလို အပေါ်ယံစကားတို.နှင်.
မချည်နှောင်တတ်သူပါ……

ငါဟာ
တချို.တချို. တွေလို ရိုးသားချင်ယောင်ဆောင်လို.
အထင်ကြီးမှုကို မရယူချင်သူပါ…….

ငါဟာ
ဘ၀ကို ရိုးစင်းစွာဖြတ်သန်းလို.
ကြင်နာမှုတို.နှင်. မွန်းမံချင်သူပါ………..

သံယောဇဉ်ရေ
နင်.အတွက်သာဆို ငါဟာ
မာနမြက်ရိုင်းတို.ကို
ရှင်းလင်းပြီး
ရင်ခုန်သံ ပျိုးခင်းတို.သာ ဖန်ဆင်းချင်သူပါ…….

နင်.အတွက်သာဆို ငါဟာ
အတိုက်အခိုက်မှန်သမျှ ကျော်လွှားလို.
နင်.အနား လှမ်းလာချင်သူပါ…………..

နင်.အတွက်သာဆို ရင်
ငါ.ဘေးက ရင်ခုန်သံတွေကို တောင် ဥပေက္ခာပြုပြီး 
တဦးတည်းအတွက် ရင်ခုန်ချင်သူပါကွယ်....

No comments:

Post a Comment