Saturday, December 31, 2011

ဆူးနစ် ပဲ့ကြွေ


ငါ.ရင်ကိုစိုက်ဝင်နေတဲ. 
မြားတစင်းဟာ နင်ပစ်ခွင်းခဲ့တာ ဆိုရင် 
ငါ အဲ.မြားကို မနှုတ်တော.ဘူး
နင်ပေးတဲ. အမှတ်တရတွေ ပျောက်သွားမှာစိုးလို.

ငါ.အသည်းနှလုံးက ဒဏ်ရာ ဒဏ်ချက်တွေဟာ
နင်ပေးခဲ.တာဆိုရင်
ငါဆေးမထည်.တော.ဘူး
နင်.ရဲ.ခြေရာတွေ ပျောက်သွားမှာစိုးလို.

ဟိုးအတိတ်က ပုံရိပ်တွေဟာ
နင်ဖန်ဆင်းခဲ့တာ ဆိုရင်
ငါ အတိတ်ကနေ ရုန်းမထွက်ချင်ဘူး
နင်ပျောက်သွားမှာစိုးလို.

ဒါပေမဲ.
ငါလျှောက်လာမဲ. လမ်းမှာ နင်စောင်.နေမယ်ဆိုရင်

ငါမလာတော.ဘူး
နင်နဲ. တွေ .့ ပြီးရင် ပြန်ခွဲခွာရမှာ ကြောက်လို့ ......



No comments:

Post a Comment