Monday, December 12, 2011

လွမ်းဆွတ်ခြင်းအပိုင်းအစ

တမ်းတလို.လွမ်းမိတဲ.အခါ
ငါ.အတွက် မင်းပေးခဲ.တဲ. အကြင်နာတွေကို 
ပြန်လိုချင်တယ်...

ချစ်သူရေ
ဘာတွေကာဆီးနေလဲ ငါတို.ကြား
မာန်မာနတွေလား မယုံကြည်မှုတွေလား......
ဒါမှ မဟုတ်ပြောင်းလဲခြင်းတွေတဲ.လား.......

ငါမသိလိုက်ဘူး
မင်းကို ဒီလောက်ချစ်ခဲ.မိလိမ်.မယ်လို.လေ
ချစ်ပါတယ်လို. မပြောဖြစ်ခဲ.ပေမဲ.
ရူးသွပ်လောက်အောင် ချစ်ခဲ.မိတယ်
လွမ်းနေပါတယ်လို.
မပြောမိပေမဲ.
သေလောက်အောင်လွမ်းတယ်...

ခဏလေးတွေ.ဆုံခဲ.ပေမဲ. 
တကမ္ဘာလောက်ကြာခဲ.သလိုပါပဲကွယ်...

တစစ်စစ်နာကြင်နေတဲ. 
ငါ.အသည်းက စီးကျနေတဲ. သွေးစက်တွေက
ငါ.ပါးပေါ်ကမျက်ရည်စက်အဖြစ်ပြောင်းလဲတယ်
တရှိန်ထိုးပြင်းထန်နေတဲ.အလွမ်းတွေက
ငါ.စာသားတွေကို အသက်သွင်းတယ်....

ဒီကဗျာကို မင်းဖတ်မိတဲ.အခါ
ဘာမှ နားမလည်ရင်နေပါ
ငါ.အလွမ်းလေး တစလောက်တော. ယူသွားပါ.....



No comments:

Post a Comment