Sunday, December 11, 2011

နေရာ




အချိန်တွေ တရွေ.ရွေ.ကုန်ဆုံးလာတယ်တဲ.
ငါမသိလိုက်ဘူး
ဒါအချိန်မှာပဲ ငါရပ်နေလို.လေ.....

အရာရာတွေ ပြောင်းလဲလာတယ်တဲ.
ငါမသိလိုက်ဘူး
ဒီနေရာမှာပဲ ငါရှိနေလို.လေ...
တရွေ.ရွေ.ပြောင်းလဲနေတဲ. အချိန်နောက် ငါမလိုက်ချင်လဲ
လိုက်နေမိတယ်....

တဖြည်းဖြည်းပြောင်းလဲ မှုတွေကြား
မပြောင်းလဲချင်လဲ အလိုလိုပြောင်းလဲလာတယ်....
အချစ်ဆိုတဲ. စကားလုံးက ဘ၀အတွက် အရေးပါလား
ငါမသိချင်ဘူး

အချစ်ဆိုပြီး ဘန်းပြပြီး ပါလာတဲ.မာယာတွေကို ငါကြောက်မိတယ်
မျှော်လင်.ခြင်းတွေနဲ.ရူးသွပ်ပြီးခါမှ
ဗလာနတ္ထိနဲ. ကျန်ခဲ.ရမတဲ.လား....
မေတ္တာတွေလို. ယုံကြည်ပြီးခါမှ
သစ္စာမပါခဲ.ရင် နာကြည်းရမတဲ.လား...

ဒီလိုဆိုရင်တော.
မေတ္တာဖြည်.စွက်တဲ. အချစ်တို.ကို
သစ္စာ တရားနဲ. အရောင်တင်ပြီး 
နားလည်မှုတို.နဲ. မတည်ဆောက်နိုင်ရင်
ငါ.နှလုံးသားမှာ မည်သည်.အချစ်မှ နေရာယူခွင်.မပြု..............



No comments:

Post a Comment