မုန်းပါတယ် လို. ခဏခဏ ရေရွတ်နေလဲ
ရင်ထဲမှာ မီးမြိုက်သလို လောင်ကျွမ်းနေတဲ. အချစ်တွေ.......
မေ.ထားတယ် လို. အထပ်ထပ် ရွတ်ဆိုလဲ
မျက်ဝန်းမှာ ထင်ကျန်နေတဲ သူ့  အရိပ်တွေ....
ဘာတွေရခဲ.လဲ
ချစ်သူဆီက..........???????????
ဘာတွေပေးခဲ.မိလဲ
ချစ်သူကို...........???????????
မရေရာတဲ. ပုစ္ဆာတွေနဲ. အချိန်ကုန်ဖို. ငါ မမိုက်မဲ ချင်ခဲ.ဘူး..
ရာဇ၀င်တွင်မဲ့ အချစ်ဇာတ်လမ်းတပုဒ်ဖြစ်ချင်ရင်
သူမတူအောင် ပေးဆပ်ရမတဲ.
ငါကတော.
လူတကာ ပါးစပ်ဖျား ရေပန်းစားမှာ ကြောက်လွန်းလို.
အချစ်ဆိုတာကို စွဲမက်စွာ သောက်တတ်တဲ့ ကော်ဖီ တခွက်လောက်တောင်
မစွဲလမ်းတော.ဘူးလို. ဆုံးဖြတ်........
အမှတ်တရတွေနဲ. ရှင်သန်ရမှာ ကြောက်လို.
ပတ်သက်ခဲ.သမျှ အကုန်အစဖျောက်ခဲ.တာ........
နောက်ဆုံးတော. ငါ.ရင်ဘတ်ထဲက သူ.ကို ဆွဲထုတ် လိုက်တဲ.အခါ
ငါကိုယ်တိုင် ပျောက်ဆုံးသွားတယ်..............
No comments:
Post a Comment